ချယ်ဆီးနဲ့ ဘောလုံးရာသီ အဖွင့်ပွဲမှာ ကလော့ပ် ထုတ်သုံးမယ့် စိတ်ဝင်စားဖွယ် ပွဲထွက် လူစာရင်း

July 29, 2023 LFC2 0

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကတော့ ဩဂုတ်လ ၁၃ ရက်နေ့ ချယ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခြင်းဖြင့် စတင်မှာ ဖြစ်ပါတယ်။ အဆိုပါပွဲ မတိုင်ခင်မှာ ရာသီသစ်အတွက် ကလော့ပ် ထုတ်သုံးနိုင်မယ့် လူစာရင်းတစ်ခု ထွက်ပေါ်နေပါတယ်။ စင်္ကာပူမှာ ခြေစမ်းမယ့် လက်စတာ၊ ဘိုင်ယန်မြူးနစ် […]

လာဗီယာကို ခေါ်ယူရင် နောက်ဆက်တွဲ ပြဿနာကို ဖြေရှင်းဖို့ ဝါရင့် ကွင်းလယ်လူ တစ်ဦး ထပ်ခေါ်ရမယ်လို့ ထောက်ပြ

July 29, 2023 LFC2 0

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် လက်ထက် ဒုတိယအကြိမ် ကွင်းလယ် အကြီးစား ပြန်တည်ဆောက်မှုကို စတင်လာနေခဲ့ပြီ ဖြစ်ပါတယ်။ ဘရန်ဒန် ရော်ဂျာရဲ့ လူစာရင်းကို လွဲယူပြီးတဲ့နောက် နည်းပြကလော့ပ်ဟာ ကွင်းလယ် အကြီးစား ပြုပြင်မှုအား ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီးနောက် ဖာဘင်ညိုကို ချက်ခြင်း […]

လာဗီယာ အပြင် နောက်ထပ် ကွင်းလယ်လူ၊ ခံစစ်မှူးသစ် ချိတ်ဆက်နေခြင်း၊ သူရမ်ကို ကမ်းလှမ်းရင် လက်ခံပေးမယ့် Nice နဲ့ လီဗာပူး နံနက်ခင်း သတင်းများ

July 29, 2023 LFC2 0

ဖာဘင်ညိုဟာ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့ဖို့ ဆေးစစ်မှုကိစ္စတွေကို ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းဟာ စာရွက်စာတမ်း လက်မှတ်ထိုးရေးပဲ ကျန်ရှိတော့ပြီး ဘရာဇီးသားက ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မှာပါ။ လာဗီယာကို ခေါ်ယူပြီးရင်တောင် လီဗာပူးက ကွင်းလယ်လူသစ် ထပ်ခေါ်ဦးမယ် ဆိုတဲ့ ကိစ္စကို သူတော့ မပြောတတ်ပေမယ့် မဖြစ်နိုင်တာမျိုး မဟုတ်ဘူးလို့ […]

NEWS: လာဗီယာ အပြင်ကို နောက်ထပ် ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူသွားမယ့် လီဗာပူး

July 28, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီလအတွင်းမှာပဲ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့လို စီနီယာ ကွင်းလယ်လူ နှစ်ဦးကို ပေါင် ၅၂ သန်းဖြင့် လက်လွတ်ရမှာဖြစ်ကာ ကွင်းလယ် လူသစ်တွေ ပြန်လည် အားဖြည့်မှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်မှ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ လာဗီယာကို ပေါင် ၄၅ သန်းဖြင့် […]

ဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ကစားသမား (၄) ဦးကို အက်ဆာမှာ ချန်ရစ်ခဲ့တဲ့ လီဗာပူး

July 28, 2023 LFC2 0

စင်္ကာပူကို ရောက်လာတဲ့ လီဗာပူးအသင်း လူစာရင်းမှာတော့ လူငယ် ကြယ်ပွင့်တွေဖြစ်တဲ့ ဘာ့ဆီတစ်၊ ဘရတ်ဒလေနဲ့ ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ဖာဘင်ညိုတို့ ပါဝင်ခဲ့ကြခြင်း မရှိပါဘူး။ လီဗာပူးအသင်းနဲ့ Al Ittihad တို့ဟာ ဖာဘင်ညို အပြောင်းအရွှေ့ သဘောတူညီမှု ရရှိတော့မှာ ဖြစ်ပါတယ်။ လီဗာပူးဘက်က စာရွက်စာတမ်းတွေ […]

ဇရာအို ကွင်းလယ်ကနေ ငယ်ရွယ်ပြီး ကောင်းခြင်းတွေ ပိုများတဲ့ ပြောင်းလဲမှုများ မြင်ရတော့မယ့် လီဗာပူး

July 28, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီနှစ်တွေထဲမှာ ပြဿနာတွေ အများကြီးကို ရင်ဆိုင်ထားရပြီး အဲ့ထဲက ကိစ္စအချို့ကို ဒီနွေစျေးကွက်မှာ ဖြေရှင်းလာနိုင်ဖွယ် ရှိနေပါတယ်။ အင်္ဂလန် ကြီး ၆ ကြီး ကလပ်တွေထဲမှာ အသင်းပိုင်ရှင်ထံက ထောက်ပံ့မှု အနည်းဆုံး အသင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ဒီနှစ်တွေမှာ ဆော်ဒီပိုင်ရှင်အဖွဲ့ လက်လွဲယူထားတဲ့ နယူးကာဆယ်လို အသင်းကိုပါ […]

စင်္ကာပူ ခြေစမ်းပွဲအတွက် အာရှရောက်လာတဲ့ လီဗာပူး၊ လာဗီယာကို ချယ်ဆီးဘက်ကလည်း ချိတ်ဆက်ဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

July 28, 2023 LFC2 0

သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ဟာ ကြံ့ခိုင်မှု ပြည့်ဝလာအောင် ကြိုးစားရေးအတွက် စင်္ကာပူ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်း မရှိပါဘူး။ ညာအစွန်လူ ဘရတ်ဒလေနဲ့ နက်ဖီးလစ်လည်း လိုက်ပါခဲ့ခြင်း မရှိပါဘူး။ ချယ်ဆီးကလည်း လာဗီယာကို ခေါ်ယူရေး ကြိုးစားလိုနေပေမယ့် ကစားသမားက လီဗာပူးကိုပဲ ရွေးချယ်လိုဟန် ရှိနေတယ်လို့ လန်ဒန် သတင်းထောက် အချို့က […]

တစ်ရာသီကို ပေါင် သန်း ၅၀ ဝန်းကျင် သက်သာသွားတော့မယ့် လီဗာပူးအသင်း

July 27, 2023 LFC2 0

လီဗာပူးအသင်းဟာ ဂျော်ဒန် ဟန်ဒါဆန်ကို ဆော်ဒီကလပ်ထံ ပြောင်းခွင့်ပေးကြောင်း ကြေညာခဲ့တာနဲ့အတူ ဒီနွေမှာ စီနီယာ ရှင်းထုတ်မှုတွေဟာ အတော်လေး ခရီးရောက်နေခဲ့ပါပြီ။ နွေစျေးကွက် မတိုင်ခင်မှာ ဖာမင်နို အလွတ်ဖြင့် ထွက်ခွာသွားသလို မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်၊ အာသာတို့လည်း အသင်းကနေ ထွက်ခွာသွားပါပြီ။ မကြာခင်မှာတော့ ဖာဘင်ညို ထွက်ခွာမှာဖြစ်တာနဲ့အတူ […]

News: ဟန်ဒါဆန်၊ ဖာဘင်ညို၊ လာဗီယာတို့ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရ အခြေအနေ

July 27, 2023 LFC2 0

ဒီအပတ်မှာပဲ ဟန်ဒါဆန်၊ ဖာဘင်ညို၊ လာဗီယာတို့နဲ့ ပတ်သက်ပြီး လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စ ၃ ခုဟာ တရားဝင် ဖြစ်မြောက်လာဖွယ် ရှိနေပါတယ်။ ဟန်ဒါဆန် ဟန်ဒါဆန်ဟာ ၁၂ နှစ်ကြာရှိနေတဲ့ လီဗာပူးအသင်းကနေ ထွက်ခွာပြီး ဆော်ဒီကလပ် Al Ettifaq အသင်းထံ ရောက်ရှိသွားပါပြီ။ ဒီမနက်ကပဲ […]

လီဗာပူး အဝတ်လဲခန်းတင် မကဘဲ ပရိသတ်တွေအပေါ်ပါ မယုံနိုင်အောင် ဩဇာ လွှမ်းမိုးလာတဲ့ ထရန့်

July 27, 2023 LFC2 0

ဒီနွေစျေးကွက်မှာ လီဗာပူးပရိသတ် များစွာက ကစားသမားသစ်တွေအတွက် စောင့်မျှော်နေရင်းမှာပဲ ကလပ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုသစ်အတွက် သတင်းထူးကို စောင့်ဆိုင်းနေကြရပြီ ဖြစ်ပါတယ်။ ဒီနွေမှာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နိုတို့ကို အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ရပြီးပါပြီ။ ထပ်မံပြီး ကလပ် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့သွားသလို […]